view icon
421 views

Let's talk about it စကားဝိုင်း - ကျွန်ုပ်၏ဆက်ဆံရေး သင့်တော်သလား။

podcast

တစ်ခါတရံ အမျိုးသမီးနှင့် မိန်းကလေးများသည် ၎င်းတို့ရပ်ရွာတွင်း ဘေးကင်းရေးဆိုင်ရာ စိုးရိမ်စရာများကို ဖြေရှင်းရန် သီးသန့်အစီအစဉ်များရှိရန်၊ သို့မဟုတ် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ဤအကြောင်း သင်စဉ်းစားနေသည်ဆိုပါက ဘေးကင်းရေး အစီအစဉ်တစ်ခု စတင်ရေးဆွဲရန် ယခုအချက်အလက်များကို ကြည့်လိုက်ပါ။

00:00:03 Laaha မှတင်ဆက်မဲ့ "Let's talk about it" စကားဝိုင်းကနေ ကြိုဆိုပါတယ်
00:00:09 Laaha က အမျိုးသမီးနဲ့ မိန်း ကလေးငယ်တွေ သူတို့ရဲ့ ကျန်းမာရေး၊
00:00:13 သာယာဝပြောရေးနဲ့ ဘေးကင်းရေး အတွက်သတင်းအချက်အလက်တွေ
00:00:16 ရယူနိုင်ဖို့အတွက် အတားအဆီးမရှိတဲ့ အွန်လိုင်းစနစ်တစ်ခု ဖြစ်ပါတယ်။
00:00:21 ဒီစနစ်မှာ ပြသထားသမျှ အချက် အလက် အကုန်လုံးကို
00:00:23 လေ့လာသင်ယူနိုင်ဖို့ အတွက် သိပ္ပံနည်းကျ
00:00:25 အသိပညာတွေအပေါ်မှာ အခြေခံထားပါတယ်။
00:00:28 ကျွမ်းကျင်သူတွေရဲ့ ဆေးဘက်ဆိုင်ရာ အကြံဥာဏ်၊
00:00:31 ဒါမှမဟုတ် ကုသမှုနေရာမှာ အစားထိုးဖို့မဟုတ်ပါဘူး။
00:00:36 ကျွန်မနာမည် Saren ဖြစ်ပြီးတော့
00:00:38 ဆက်ဆံရေးအကြောင်း ဆွေးနွေးချင်ပါတယ်။
00:00:40 ကျွန်မတို့ဘဝမှာ ကျွန်မတို့ သူငယ်ချင်းတွေ၊ မိသားစု၊
00:00:42 (ဥပမာ ခင်ပွန်း၊ ရည်းစား၊ ကောင်လေး၊ ကောင်မလေးလိုမျိုး)
00:00:46 လက်တွဲဖော်တွေ၊ အလုပ်ကသိတဲ့၊ ကျောင်းမှာသိတဲ့လူတွေ၊ ဒါမှမဟုတ်
00:00:51 ရပ်ရွာအသိုင်းအဝိုင်းထဲကလူတွေလိုမျိုး လူမျိုးစုံနဲ့
00:00:54 ဆက်ဆံရေးတွေ ရှိမှာပါ
00:00:57 ဆက်ဆံရေးတွေက ကိုယ့်ဘဝထဲ
00:00:59 ကောင်းချီးတွေယူလာပေးနိုင်ပြီးတော့ အကောင်းဘက်ကို
00:01:02 ပြောင်းလဲပေးနိုင်သလိုပဲ တကယ်ကြုံနေရတုန်း
00:01:04 သတိမထားမိပေမယ့် ဒီဆက်ဆံရေးတွေက
00:01:07 ကိုယ်နဲ့မသင့်တော်တာ၊ ကိုယ့်အတွက် အကျိုးယုတ်တာတွေ
00:01:09 ဖြစ်နိုင်ပြီး ကိုယ့်အတွက် မကောင်းတာလည်း ရှိတတ်ပါတယ်။
00:01:12 ဒီစကားဝိုင်းမှာ ကိုယ့်အခုရှိတဲ့ ဆက်ဆံရေးတွေကို
00:01:15 ပြန်စဉ်းစားပြီး သင့်တော်တယ်၊ မသင့်တော်ဘူး၊
00:01:18 အလွဲသုံးစားပြုတာ ဖြစ်နိုင်တယ်ဆိုတာမျိုး သုံးသပ်ပေးမှာပါ။
00:01:22 သင့်တော်တဲ့ ဆက်ဆံရေးဆိုရင် နှစ်ဦးနှစ်ဖက်စလုံး
00:01:24 ရိုးသားမှု၊ ယုံကြည်မှု၊ လေးစားမှုနဲ့ ပွင့်ပွင့်လင်းလင်း
00:01:28 ပြောဆိုဆက်သွယ်မှုတွေကို အရင်းခံပြီးတော့
00:01:30 နှစ်ယောက်စလုံးက အလေးပေးအားထုတ်ဖို့နဲ့
00:01:33 အပြန်အလှန် အလျှော့ပေးဖို့ လိုပါတယ်။
00:01:35 လက်တွဲဖော်တွေက တစ်ယောက်စီရဲ့
00:01:37 သီးခြားလွတ်လပ်ခွင့်ကို လေးစားရဖို့၊
00:01:39 လက်တုံ့ပြန်မှာ မကြောက်ဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချဖို့၊
00:01:43 အတူဆုံးဖြတ်ချက်တွေချဖို့ လိုပါတယ်။
00:01:46 သင့်တော်တဲ့ ဆက်ဆံရေးက ကိုယ့်ကိုအကောင်းဆုံး
00:01:48 ပြုပြင်ပေးနိုင်ပြီးတော့ မိမိကိုယ်ကိုစိတ်ကျေနပ်အောင်
00:01:51 လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သင့်တော်တဲ့
00:01:54 ဆက်ဆံရေးဆိုတာနဲ့ "ပြီးပြည့်စုံ"တဲ့ ဆက်ဆံရေး
00:01:56 မဟုတ်ဘူးဆိုတာနဲ့ ဘယ်သူမှ ၁၀၀ ရာခိုင်နှုန်း
00:01:59 အမြဲသင့်တော်တယ်ဆိုတာမရှိဘူးဆိုတာကို
00:02:02 မမေ့ဖို့လိုပါတယ်။
00:02:04 ဆက်ဆံရေးတစ်ခုမှာ ဘယ်အခြေအနေကစပြီး
00:02:06 မသင့်တော်ဘူး၊ ဒါမှမဟုတ် အလွဲသုံးစားပြုတယ်လို့
00:02:09 ရှင်းရှင်းလင်းလင်း သိနိုင်မှာ မဟုတ်ပါဘူး။
00:02:12 ကိုယ့်ဆက်ဆံရေးက ဘယ်အမျိုးအစားလဲ
00:02:14 သိဖို့တောင် ခက်ခဲနိုင်ပါတယ်။
00:02:16 အလွဲသုံးစားပြုရင် ဩဇာအာဏာနဲ့
00:02:18 ထိန်းချုပ်မှုနဲ့ အပြည့်အဝဆိုင်တယ်ဆိုတာ မမေ့ပါနဲ့။
00:02:22 မသင့်တော်တဲ့ ဆက်ဆံရေးဆိုရင် ဩဇာလွှမ်းမိုးမှု
00:02:25 မညီမျှတာ၊ ရန်လိုတာ၊ စည်းဘောင်တွေကို ဂရုမစိုက်တာ၊
00:02:28 ဒါမှမဟုတ် တစ်ယောက်ကို သူသဘောမကျတာတွေ
00:02:31 လုပ်ခိုင်းတာတွေ ရှိနိုင်ပါတယ်။
00:02:33 အလွဲသုံးစားပြုတဲ့ ဆက်ဆံရေးဆိုရင်
00:02:35 လက်တွဲဖော်တစ်ယောက်က ကျန်တဲ့တစ်ယောက်ကို
00:02:37 အလုံးစုံနီးပါး ချုပ်ကိုင်နိုင်ပါတယ်။
00:02:40 ဥပမာ ကိုယ့်ဘဝထဲက လူတစ်ယောက် အမြဲတမ်းလိုလို
00:02:43 ကိုယ်စိတ်မချမ်းသာအောင်လုပ်ရင်
00:02:44 ဒါကသင့်တော်တဲ့ဆက်ဆံရေး မဟုတ်ပါဘူး။
00:02:47 ကိုယ်နဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့
00:02:50 ရင်းနှီးကျွမ်းဝင်တဲ့ လက်တွဲဖော်တို့ကြား ဆက်ဆံရေးတွေ
00:02:52 အကုန်လုံးကို သင့်တော်တယ်၊ မသင့်တော်ဘူး၊
00:02:56 ဒါမှမဟုတ် အလွဲသုံးစားပြုတယ်အထိ အမျိုးအစားခွဲနိုင်မှာပါ။
00:03:00 သင့်တော်တဲ့ ဆက်ဆံရေးနဲ့ မသင့်တော်တဲ့
00:03:02 ဆက်ဆံရေးက ဘယ်နေရာမှစကွာသွားလဲ။
00:03:05 မှားယွင်းတဲ့၊ မသင့်တော်တဲ့ အပြုအမူတွေ ဘာလို့ရှိတာလဲ။
00:03:09 ဘာပဲဖြစ်ဖြစ် ကြင်နာမှုနဲ့ လေးစားမှုအပေါ် အရင်းခံတဲ့
00:03:12 ဆက်ဆံရေးတစ်ခုကို ကိုယ်ရပိုင်ခွင့်ရှိတယ်ဆိုတာ
00:03:15 အမြဲနှလုံးသွင်းထားပါ။
Tags:
العلاقات
အခွင့်အရေး
الموافقة
အသက်အရွယ်အားလုံး