Let's talk about it စကားဝိုင်း - လိင်ပိုင်းဆိုင်ရာ သဘောတူခွင့်ပြုချက်

သင့်ရပ်ရွာတွင်း ဘေးကင်းစွာ နေထိုင်နိုင်ရန် ဆောင်ရန်၊ ရှောင်ရန်များနှင့် စပ်လျဉ်း၍ အကြံပြုချက်များ
00:00:03
Laaha မှတင်ဆက်မဲ့ "Let's talk about it" စကားဝိုင်းကနေ ကြိုဆိုပါတယ်
00:00:10
Laaha က အမျိုးသမီးနဲ့ မိန်း ကလေးငယ်တွေ သူတို့ရဲ့ ကျန်းမာရေး၊
00:00:14
သာယာဝပြောရေးနဲ့ ဘေးကင်းရေး အတွက်သတင်းအချက်အလက်တွေ
00:00:17
ရယူနိုင်ဖို့အတွက် အတားအဆီးမရှိတဲ့ အွန်လိုင်းစနစ်တစ်ခုပါ။
00:00:21
ဒီစနစ်မှာ ပြသထားသမျှ အချက် အလက် အကုန်လုံးကို
00:00:24
လေ့လာသင်ယူနိုင်ဖို့ အတွက် သိပ္ပံနည်းကျ
00:00:27
အသိပညာတွေအပေါ်မှာ အခြေခံထားပါတယ်။
00:00:29
ကျွမ်းကျင်သူတွေရဲ့ ဆေးဘက်ဆိုင်ရာ အကြံဥာဏ်၊
00:00:32
ဒါမှမဟုတ် ကုသမှုနေရာမှာ အစားထိုးဖို့မဟုတ်ပါဘူး။
00:00:39
ကျွန်မနာမည် Gabriel ပါ။
00:00:42
လိင်ပိုင်းဆိုင်ရာ သဘောတူခွင့်ပြု ချက်နဲ့ ဒီလိုခွင့်ပြုချက်ကြောင့်
00:00:46
ကိုယ့်ဆက်ဆံရေး၊ ဒါမှမဟုတ် အခြေအနေအပေါ်
00:00:49
ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ ပြောပြချင်ပါတယ်။
00:00:53
မိန်းကလေးတွေအတွက် လိင်ပိုင်းဆိုင်ရာ
00:00:55
သဘောတူညီ ချက်ဆိုတာ ဘာလဲ။
00:00:57
ဥပဒေအရ အသက်ဘယ် လောက်မှ လိင်ဆက်ဆံဖို့
00:01:00
သဘောတူခွင့်ပြုချက် ပေးနိုင်မယ်ဆိုတာကို
00:01:03
ဥပဒေအရ သတ်မှတ်ထားတယ် ဆိုတာ သိထားဖို့လိုပါတယ်။
00:01:06
နိုင်ငံမတူသလို၊ ဒေသမတူသလို ဒီဥပဒေတွေ တစ်နေရာနဲ့တစ်နေရာ
00:01:11
တူမှာမဟုတ်ပါဘူး။
00:01:13
အသက်မပြည့်သေးတဲ့ (အသက် (၁၈) နှစ်အောက်) လူတွေကို
00:01:17
လိင်နှီးနှောဖို့ ဖိအားပေး နေတဲ့၊ ဒါမှမဟုတ်
00:01:20
အတင်းအကျပ်ခိုင်းတဲ့ လူကြီးတွေ ရန်ကနေ ကာကွယ်နိုင်ဖို့
00:01:23
ဒီလိုဥပဒေတွေ ချမှတ် ထားတာပဲ ဖြစ်ပါတယ်။
00:01:27
မိန်းကလေးတစ်ယောက်က လူကြီးတစ်ယောက်နဲ့
00:01:29
လိင်နှီးနှောဆက်ဆံဖို့ "ခွင့်ပြုခဲ့ရင်"တောင်
00:01:33
ဒီလိုမဆက်ဆံချင်ဘူးလို့ သဘောပေါက်ရင်
00:01:36
သဘောတူခွင့်ပြုချက် မမြောက်ပါဘူး။
00:01:38
မိန်းကလေးတွေကို တာဝန်ယူခိုင်းလို့ မရပါဘူး။
00:01:41
မိန်းကလေးက ခွင့်ပြုချက်ပေးရင်တောင်
00:01:44
လူကြီး၊ ဒါမှမဟုတ် ဆယ်ကျော် သက် ယောက်ျားလေးက
00:01:46
ဒီလိုဆက်ဆံတဲ့ကိစ္စအတွက် အပြည့်အဝ တာဝန်ယူရပါမယ်။
00:01:50
ကလေးတွေနဲ့ မြီးကောက်ပေါက်တွေနဲ့
00:01:53
ပြောဆိုဆက်ဆံတဲ့နေရာမှာ
00:01:55
စည်းဘောင်တွေထားဖို့က လူကြီးတာဝန်ပဲ ဖြစ်ပါတယ်။
00:01:58
ဘယ်လို လိင်နှီးနှောတာကိုပဲဖြစ်ဖြစ်
00:02:00
ငြင်းဆိုခွင့်ရှိတယ်ဆိုတာ မမေ့ပါနဲ့။
00:02:03
လိင်ဆက်ဆံဖို့ အရင်သဘောတူပြီးမှ
00:02:05
စိတ်ပြောင်းသွားရင်တောင်ငြင်းလို့ရပါတယ်။
00:02:08
လိင်ပိုင်းဆိုင်ရာ သဘောတူခွင့်ပြုချက် ဆိုတာ "လုပ်မယ်" လို့ပြောတာပါ။
00:02:12
သဘောတူခွင့်ပြုချက်မပါတဲ့ လိင်နှီးနှောတဲ့လုပ်ရပ်မှန်သမျှ
00:02:17
လိင်ပိုင်းဆိုင်ရာ စော်ကားမှု မြောက်ပြီးတော့ ဥပဒေနဲ့ မညီပါဘူး။
00:02:22
ဝန်ဆောင်မှုများကိုရှာဖွေနည်း သို့မဟုတ်
00:02:24
ချက်ခြင်းအကူအညီရယူရန်
00:02:26
အချက်အလက်ရှာဖွေရန် ဝန်ဆောင်မှုလင့်ခ်ကို နှိပ်ပါ။