view icon
384 views

Let's talk about it စကားဝိုင်း - သေချာကြည့်ပါစို့ - မှန်ကြည့်လေ့ကျင့်ခန်း

podcast

မအင်္ဂါဇာတ်နှင့် မိန်းမကိုယ်တို့သည် အင်မတန်အံ့ဩဖွယ်ရာကောင်းသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သော်လည်း ၎င်းတို့၏ ပုံသဏ္ဌာန်၊ တာဝန်၊ အနံ့မှသည် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ပြောင်းလဲပုံအထိ ပဟေဠိများစွာရှိနေပါသေးသည်။ ဤလှုပ်ရှားမှုတွင် သင့်မအင်္ဂါဇာတ်နှင့် မိန်းမကိုယ်တို့ကို ကြည့်ရှုနိုင်ရန် လမ်းညွှန်ပေးသွားပါမည်။ သင့်အနေဖြင့် ဆိတ်ငြိမ်သည့်၊ လုံခြုံသည့်၊ သက်တောင့်သက်သာရှိသည့် နေရာတစ်ခု၊ လက်ကိုင်မှန်နှင့် သန့်ရှင်းသည့်လက်များ လိုအပ်ပါမည်။

ပြသမည်ခလုတ်ကိုနှိပ်ပြီး စတင်နားထောင်နိုင်ပါသည်။

သတိပြုရန် - ယခုနားထောင်ရမည့် အကြောင်းအရာများတွင် လူအချို့အတွက် မနှစ်မြို့ဖွယ် ကိစ္စများ ပါနိုင်ပါသည်။ အကြမ်းဖက်မှုနှင့် အမျိုးသမီးနှင့် မိန်းကလေးများ၏ ခန္ဓာကိုယ်ကိစ္စ၊ ကျန်းမာရေးကိစ္စများ ပါဝင်ပါမည်။ တခြားသူများ မမြင်နိုင်သော၊ သင့်အတွက် ဘေးကင်းသော နေရာတွင်နားထောင်လျှင် ပို၍အဆင်ပြေပါမည် - အဆင်ပြေတယ်၊ မပြေဘူးကတော့ လူအပေါ် မူတည်ပါသည်။ စိတ်မကျေနပ်လျှင်ဖြစ်စေ၊ စကားပြောချင်လျှင်ဖြစ်စေ သင့်အနီးဝန်းကျင်ရှိ ဝန်ဆောင်မှုတွေဆီ ဆက်သွယ်လိုက်ပါ။ သင့်အနီးဝန်းကျင်တွင် ရရှိနိုင်သော ဝန်ဆောင်မှုများကိုရှာဖွေရန် ဝန်ဆောင်မှုများ ရှာဖွေရန် စာမျက်နှာမှာ ကြည့်လိုက်ပါ။

00:00:03 Laaha မှတင်ဆက်မဲ့ "Let's talk about it" စကားဝိုင်းကနေ ကြိုဆိုပါတယ်
00:00:10 Laaha က အမျိုးသမီးနဲ့ မိန်း ကလေးငယ်တွေ သူတို့ရဲ့ ကျန်းမာရေး၊
00:00:13 သာယာဝပြောရေးနဲ့ ဘေးကင်းရေး အတွက်သတင်းအချက်အလက်တွေ
00:00:17 ရယူနိုင်ဖို့အတွက် အတားအဆီးမရှိတဲ့ အွန်လိုင်းစနစ်တစ်ခု ဖြစ်ပါတယ်။
00:00:21 ဒီစနစ်မှာ ပြသထားသမျှ အချက် အလက် အကုန်လုံးကို
00:00:24 လေ့လာသင်ယူနိုင်ဖို့ အတွက် သိပ္ပံနည်းကျ
00:00:27 အသိပညာတွေအပေါ်မှာ အခြေခံထားပါတယ်။
00:00:29 ကျွမ်းကျင်သူတွေရဲ့ ဆေးဘက်ဆိုင်ရာ အကြံဥာဏ်၊
00:00:31 ဒါမှမဟုတ် ကုသမှုနေရာမှာ အစားထိုးဖို့မဟုတ်ပါဘူး။
00:00:36 ကျွန်မနာမည်က Maria ဖြစ်ပြီးတော့ ကျွန်မတို့ခန္ဓာကိုယ်တွေရဲ့
00:00:40 အလှအပနဲ့ အထူးသဖြင့် အတွင်း အကျဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့
00:00:44 မအင်္ဂါဇတ်နဲ့ မိန်းမကိုအကြောင်း ဆွေးနွေးကြပါစို့။
00:00:48 မအင်္ဂါဇတ်နဲ့ မိန်းမကိုယ်တို့ဟာ အင်မတန်အံ့ဩဖွယ်ရာကောင်းတဲ့
00:00:51 ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြစ်ပေမယ် သူတို့ရဲ့
00:00:54 ပုံသဏ္ဌာန်၊ တာဝန်၊ အနံ့မှသည် အချိန်ကြာလာတာနဲ့အမျှ
00:00:58 သူတို့ပြောင်းလဲပုံအထိ ပဟေဌိ များစွာရှိနေပါသေးတယ်။
00:01:03 မအင်္ဂါဇတ်နဲ့ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး
00:01:06 သိထားသင့်တဲ့အချက်အချို့ကို ဖော်ပြထားပါတယ်။
00:01:10 တစ်ချို့အခြေအနေတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးများစွာဟာ
00:01:15 ပြင်ပမလိင်အင်္ဂါကို တစ်စိတ် တစ်ပိုင်း၊ ဒါမှမဟုတ်
00:01:18 အလုံးစုံ ဖယ်ရှားတဲ့ လိင်အင်္ဂါဖြတ်တောက်မှုနဲ့
00:01:21 တစ်ခြားမလိင်အင်္ဂါ ဒဏ်ရာအနာတရ တွေကို ကြုံနေရဆဲဖြစ်ပါတယ်။
00:01:26 ဒီလိုတွေကြုံဖူးတယ်ဆိုရင် အောက်ဖော်ပြပါ အဆင့်တွေမှာပါတဲ့
00:01:30 မအင်္ဂါဇတ်နှင့် မိန်းမကိုယ် အစိတ်အပိုင်း တစ်ချို့ကို ခွဲခြားသိရှိနိုင်မှာ မဟုတ်ပါဘူး။
00:01:35 ဒီလိုအတွေ့အကြုံတွေကြောင့် မအင်္ဂါဇတ်နဲ့ မိန်းမကိုယ်
00:01:39 ကြီးထွားမှုနဲ့ ဖွံဖြိုးမှုအတွက် ဘယ်လိုသက်ရောက်မှုရှိလဲ
00:01:42 သိချင်တာတွေရှိရင် 'အကူအ ညီလိုသည်' ဆိုတာကိုနှိပ်ပြီ
00:01:46 အနီးအနားက ဝန်ဆောင်မှုတွေ ရှာနိုင်ပါတယ်။
00:01:53 ရှက်ရွံ့တဲ့ခံစားချက်မှန် သမျှကို မေ့ပစ်လိုက်ပါ။
00:01:56 မအင်္ဂါဇတ်နဲ့ မိန်းမ ကိုယ်ဟာ တစ်ခြားခန္ဓာ
00:01:58 ကိုယ်အစိတ်အပိုင်းတွေ နည်းတူတန်ဖိုးရှိပါတယ်။
00:02:01 ခန္ဓာကိုယ်ကို အရှိအတိုင်းလက်ခံဖို့နဲ့
00:02:04 ကိုယ့်မအင်္ဂါဇတ်နဲ့ မိန်းမကိုယ်နဲ့ ရင်းနှီးဖို့
00:02:08 အချိန်ယူရတယ်ဆိုတာ မမေ့ပါနဲ့။
00:02:10 အသင့်ဖြစ်ရင် နောက်တစ် ဆင့်ကို ဆက်သွားပါ။
00:02:14 ဒူးနှစ်ဖက်ကိုချဲ၊ ပေါင်ကားပြီ
00:02:17 မအင်္ဂါဇတ်နဲ့ မိန်းမကိုယ်ရှေ့မှာ ကြည့်မှန်တစ်ခုချလိုက်ပါ။
00:02:22 မအင်္ဂါဇတ် အပြင်နှုတ် ခမ်းကို မြင်ရလား။
00:02:25 မအင်္ဂါဇတ်က ပိုကြီးတဲ့ နှုတ် ခမ်းနှစ်ခုက အပြင်နှုတ်ခမ်းပါ။
00:02:29 ဒီနှုတ်ခမ်းတွေပေါ်မှာ ပုံမှန်အမွှေးပေါက်ပါတယ်။
00:02:32 အပြင်နှုတ်ခမ်းရဲ့တာဝန်က အထဲက
00:02:34 နူးညံ့တဲ့အစိတ်အပိုင်း တွေကို ကာကွယ်ပေးဖို့ပါ။
00:02:38 အခု အတွင်းနှုတ်ခမ်းကို ရှာကြည့်ပါ။
00:02:41 ပိုသေးတဲ့နှုတ်ခမ်းက အတွင်းနှုတ်ခမ်းတွေပါ။
00:02:43 ဒီနှုတ်ခမ်းနှစ်ခုကို ငြင်ငြင် သာသာရွှေ့ပြီး သေချာကြည့်ပါ။
00:02:47 အရောင်အရမ်းရင့်နိုင်သလို အရမ်းလဲ ဖြူနိုင်ပါတယ်။
00:02:50 နှုတ်ခမ်းတစ်ဖက်က တစ်ဖက်ထက်
00:02:52 သိသိသာသာ ပိုရှည်နိုင်ပါတယ်။
00:02:54 ဒါတွေအားလုံးဟာ ပုံမှန်ပါပဲ။
00:02:56 ဒီနေရာက အရည်ပြားဟာ အပြင်နှုတ်ခမ်းနဲ့ယှဉ်ရင်
00:02:59 ပိုနူးညံ့ပြီးတော့ တွန့်ခေါက်နေတာ၊ ဆန့်ထွက်နေတာ ဖြစ်နိုင်ပါတယ်။
00:03:04 လက်ချောင်းတွေနဲ့ ညင်ညင်သာသာကိုင်ပြီး
00:03:07 မအင်္ဂါဇတ်ရဲ့ အထိမခံနိုင် ဆုံးနေရာကို ရှာလိုက်ပါ။
00:03:11 ဒီနေရာက မအင်္ဂါအစေ့ ဖြစ်နိုင်ပါတယ်။
00:03:15 အတွင်းနှုတ်ခမ်းတွေကို ဖြဲကြည့်ပြီး မိန်းမကိုယ်အဝကို
00:03:18 ကြည့်ရမရ စမ်းကြည့်ပါ။
00:03:19 မိန်းမကိုယ်က အပေါက်၊ ဒါမှမဟုတ် အပေါက်ဝမှာ
00:03:23 အမြှေးပါးကာနေတာ ဖြစ်နိုင်ပါတယ်။
00:03:25 အမြှေးပါးတွေ့ရင် ဒီအ မြှေးပါးက အပျိုမြှေးပါ။
00:03:29 အပျိုမြှေးမတွေ့ရင်လည်း ပူစရာမလိုပါဘူး။
00:03:32 အမျိုးသမီးတွေ၊ မိန်းက လေးတွေ နေ့စဉ်သွားလာရင်း
00:03:35 နည်းမျိုးစုံနဲ့ အပျိုမြှေးပေါက်နိုင်ပါတယ်။
00:03:39 အံဩစရာကောင်းတယ်မဟုတ်လား။
00:03:41 ကိုယ့်ခန္ဓာကိုယ်ဖြစ်လို့ ဘယ်လိုပုံသဏ္ဌာန်ရှိလဲ
00:03:43 သိထားဖို့ အရေးကြီး သလို သိထားရင်
00:03:46 အန္တရာယ်မရှိအောင်လည်း ရှောင်နိုင်ပါတယ်။
00:03:49 မအင်္ဂါမှာ နီနေတာ၊ အဖုအပိန့် ထနေတာမျိုး ပုံမှန်မဟုတ်တာတွေ
00:03:53 သတိထားမိရင် ဆရာဝန်နဲ့ ပြနိုင်ပါတယ်။
Tags:
تشريح_جسم_الأنثى
تشريح_جسم_الأنثى
جسم_الانثى_لكل_الاعمار